The winning entry has been announced in this pair.There were 4 entries submitted in this pair during the submission phase. The winning entry was determined based on finals round voting by peers.Competition in this pair is now closed. |
Parasite ရုပ်ရှင်အစအဆုံးဟာ ကျွန်တော့်ကို ဖမ်းစားနိုင်ခဲ့တယ်လို့ပြောရင် ပြည့်စုံလုံလောက်မှုမရှိတဲ့အဆိုသာဖြစ်ပါလိမ့်မယ်။ ကင်မရာအလှုပ်အရွေ့များစွာနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ရဲ့တင်ဆက်ဟန်ဟာ ညှို့ယူနိုင်လှတယ်။ လန်ဒန်မြို့ ကိုရီးယားရုပ်ရှင်ပွဲတော် (London Korean Film Festival) အတွင်း ကိုရီးယားရုပ်ရှင်မြောက်များစွာကို ကြည့်ရှုပြီးတဲ့နောက် အဆိုပါရုပ်ရှင်တွေမှာ အသုံးပြုထားတဲ့ သမားရိုးကျ ရုပ်ရှင်အမျိုးအစားတွေနဲ့ ကျွန်တော် ရင်းနှီးမှုရှိပေမဲ့ Parasite ကတော့ အဲဒီရုပ်ရှင်တွေအားလုံးကို စိန်ခေါ်ထားသလိုပါပဲ။ တမူထူးကဲတဲ့ ဟာသဟန်နဲ့အတူ သည်းထိတ်ရင်ဖိုစရာကောင်းနေသလို လူတန်းစားကွာဟမှုကို လှစ်ဟပြထားတဲ့အပြင် အခြားရုပ်ရှင်အမျိုးအစားတွေကြား ကွဲပြားတဲ့ မိသားစုဇာတ်လမ်းတပုဒ်ကိုလည်း ပုံဖော်ထားတာကြောင့် အရွယ်သုံးပါးမရွေး အကြိုက်တွေ့ကြမှာ သေချာသလောက်ဖြစ်ပါတယ်။ ဇာတ်ကားရဲ့သိမ်မွေ့တဲ့အပိုင်းတွေနဲ့ ကြော့ရှင်းလှပတဲ့ ရုပ်ရှင်ဖန်တီးမှုအတတ်ပညာကို အသိအမှတ်ပြု ခံစားတတ်ဖို့ရာ ရုပ်ရှင်ရုံမှာကို သွားကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါ။ ကြည့်ရှုတဲ့အခါ အရသာမပျက်အောင် ဇာတ်လမ်းကို အကျဉ်းချုံ့ရရင် ဇာတ်ကားထဲမှာ ပတ်ခ်မိသားစုနဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ ကင်မ်မိသားစုတို့ကြား အပြန်အလှန် ပတ်သက်ဆက်နွယ်ကြတဲ့ဇာတ်လမ်းဖြစ်ပြီး မိုးနဲ့မြေလိုကွာခြားတဲ့ သူတို့ဘဝတွေဟာ ကာလကြာရှည်လာတာနဲ့အမျှ မိသားစုနှစ်စုကြားမှာ အကျိုးဆက်အဖြစ် အဖုအထစ်တွေရှိလာရင်း တွန်းတိုက်မိကုန်ကြပါတော့တယ်။ ဒါရိုက်တာဘွန်ဂျွန်ဟိုဟာ အခန်းတွင်းရိုက်ကူးရေးခွင်ကို ထိန်လင်းတဲ့ မီးရောင်များနဲ့ ထိထိရောက်ရောက် တွဲဖက်အသုံးပြုပြီး ပရိသတ်ရဲ့စိတ်ဝင်စားမှုကို လှုပ်ကိုင်ထားတယ်။ ဇာတ်ကားကြာမြင့်ချိန် ၂ နာရီ ၁၂ မိနစ်ကြာပြီးတဲ့နောက် ဇာတ်ကွက်အများစုဟာ ပတ်ခ်မိသားစုရဲ့အိမ်တော်ရာထဲမှာ ဖြစ်ပွားနေတာကို သိလိုက်ရတော့ အံ့အားသင့်စရာပါပဲ။ သာမန်ကာလျှံကာ အိမ်တွင်းအမှုကိစ္စတွေကို စိတ်ဝင်စားဖွယ်ဖြစ်စေတဲ့ ရှုထောင့်ကနေ တင်ဆက်ထားတာကလည်း ဘွန်ဂျွန်ဟိုရဲ့အစွမ်းအစကို အတိုင်းသားပေါ်လွင်နေစေတယ်။ Parasite ဟာ ၎င်းပြချင်တဲ့အရာကို အလွှာတလွှာတည်းပေါ်မှာ ပုံဖော်တည်ဆောက်ထားဟန်အဖြစ် ကြည့်ရှုသူတွေကို အယုံသွင်းထားပေမဲ့ စင်စစ်မှာတော့ အလွှာပေါင်းများစွာနဲ့ ဆင့်သီထားပြီး လက်တွေ့လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူမှုကိစ္စရပ်တွေကို ကိုယ်ချင်းစာပြီး ကရုဏာသက်လာအောင် ပုံဖော်ထားတာကြောင့် အစပိုင်းမှာ အထနှေးတယ်ဆိုပေမဲ့ ဇာတ်ကားရဲ့လှပမှုနဲ့ ဉာဏ်ကွန့်မြူးနိုင်စွမ်းအပေါ် သင့်အနေနဲ့ နှစ်ခြိုက်သဘောကျမိမှာပါ။ သရုပ်ဆောင်တွေကို ကြည့်ရှုရတာလည်း မိန်းမောစရာပါပဲ။ မျက်နှာအမူအယာနဲ့ သရုပ်ဆောင်ချက်တိုင်းက ပေါ်လွင်လှသလို ဘာမဟုတ်တဲ့ လှေကားအတက်အဆင်းလုပ်တာလေးတောင်မှ နောက်ကွယ်ကဆိုလိုရင်းကို သယ်ဆောင်ပေးနိုင်တဲ့အပြင် ၎င်းကိုလည်း ကင်မရာက ကွက်ကွက်ကွင်းကွင်း ဖမ်းယူပြထားပါတယ်။ စိတ်လက်မသက်မသာဖြစ်စေတဲ့ ခံစားမှုအလွှာအဆင့်ဆင့်ကိုလည်း သမားရိုးကျမဟုတ်တဲ့ ကင်မရာထောင့်အယူအငင်များ၊ ရာသီဥတုအခြေအနေများနဲ့အတူ ရိုက်ကူးရေးခွင်ကို ထိရောက်စွာ အသုံးပြုဖန်တီးထားတာကလည်း ထိုခံစားမှုကို မြင့်တက်စေခဲ့တယ်။ Parasite မှာ လက်တွေ့လောကနဲ့ကင်းလွတ်ပြီး အိပ်မက်ဆန်ဆန်အခြေအနေမျိုးလည်းရှိပါတယ်။ အဲဒါကတော့ ရုပ်ရှင်နောက်ခံတေးရဲ့ အသားပေးမှုအပိုင်းဖြစ်ပြီး ၎င်းအပြင် ရုပ်ရှင်ထဲမှာလည်း အဓိပ္ပာယ်ကင်းမဲ့မှုရဲ့ အစိတ်အပိုင်းတွေကို ကွန့်မြူးဖန်တီးထားတာက တကယ့်ကို မှော်ဆန်တဲ့ရုပ်ရှင်ဖန်တီးမှုအတတ်ပညာလို့ ဆိုရပါမယ်။ ထင်သာမြင်သာရှိတဲ့ ရင်တလှပ်လှပ်ခံစားမှုက သင့်အာရုံကို မလွတ်တမ်း ဖမ်းစားထားမှာဖြစ်ပြီး Twilight Zone ရုပ်ရှင်စီးရီး ဖန်တီးဟန်နဲ့ မနီးယိုးစွဲရှိလှတာကို ခံစားမိစေမှာပါ။ ရုပ်ရှင်သရုပ်ဆောင်တွေကို အလွန်အထင်ကြီးလေးစားမိပါတယ်။ ကျရာဇာတ်ကောင်ကို ပိုမိုအားထည့်ပြီး သရုပ်ဆောင်ထားတာကြောင့် ပရိသတ်နဲ့ ရင်ဘတ်ချင်းချိတ်မိစေသလို တပြိုင်တည်းမှာပဲ ပေါ့ပါးလွန်းသလိုထင်ရပြီး ကြည့်ကောင်းလှတယ်။ ကင်မ်ကီဝူးနဲ့ ကင်မ်ကီဂျောင်တို့ မောင်နှမနှစ်ယောက် ပတ်ခ်မိသားစုအိမ်မှာ ဂိုက်ဆရာတွေအဖြစ် အလုပ်လုပ်ကြတဲ့အခါ အေးဆေးတည်ငြိမ်တဲ့အသွင်ယူထားတယ်။ သူတို့ အသုံးပြုသွားတဲ့ သင်ကြားရေးနည်းစနစ်တွေဟာ စကားနဲ့ထုတ်ပြောစရာမလိုတဲ့အပြင် ဩချရလုနီးပါး ဆန်းပြားလွန်းနေသလို ပတ်ခ်မိသားစုဝင်တွေကို ပါးပါးလျလျ ထိန်းချုပ်ပြသွားတဲ့ ဇာတ်ကောင်စရိုက်ကလည်း လျှို့ဝှက်နက်နဲတဲ့ အငွေ့အသက်ကို ခံစားရစေပါတယ်။ ကီဝူးနဲ့ ကီဂျောင်နေရာမှာ သရုပ်ဆောင်သွားကြတဲ့ ပတ်ခ်ဆိုဒမ်နဲ့ ချွဲဝူရှစ်တို့နှစ်ဦးဟာ Parasite က ခေါ်ဆောင်သွားတဲ့ အရပ်မျက်နှာတိုင်းမှာ ကြည့်ရှုသူတွေကို ဖမ်းစားထားနိုင်တဲ့အပြင် သရုပ်ဆောင်ချက်တွေဟာလည်း ဇာတ်ကားအစအဆုံး ပြေပြစ်ညီညွတ်လှတာကြောင့် ပရိသတ်တွေကို သူတို့ဘက်မှာရှိနေစေဖို့ လှုံ့ဆော်ထားနိုင်ကြတယ်။ [...]Parasite ဟာ အလွန်တရာ ကျွမ်းကျင်ပိုင်နိုင်ပြီး ပြောင်မြောက်လှတဲ့ ရုပ်ရှင်ဖန်တီးမှုလက်ရာကောင်းတခုဖြစ်သလို ကြည့်ကိုကြည့်ရမယ့် ဇာတ်ကားကောင်းတကားဖြစ်တာကြောင့် ယူကေမှာ ရုံတင်ပြသတဲ့အခါ ကျွန်တော် ထပ်မံကြည့်ရှုရဖို့ စောင့်မျှော်နေမိပါတော့တယ်။ | Entry #37138 — Discuss 0 — Variant: Not specified Winner
|
ကျွန်တော်ဟာ ကပ်ပါး “Parasite” လို့အမည်ရတဲ့ ရုပ်ရှင်ကိုကြည့်ရတာ အစကနေအဆုံးအထိ စွဲဆောင်ခံရတယ်လို့ ပြောရမှာ လျှော့ပြောရာကျပါတယ်- ရိုက်ကွင်းရိုက်ကွက်တွေနဲ့ ရုပ်ရှင်ရိုက်တဲ့ပုံသဏ္ဍာန်ဟာ စွဲဆောင်အား ကောင်းလွန်းပါတယ်။ လန်ဒန် ကိုးရီးယား ရုပ်ရှင်ပွဲတော် ကာလအတွင်းမှာ ကိုးရီးယားရုပ်ရှင် အတော်များများ ကြည့်ခဲ့ပြီးလို့ အဲ့လိုရုပ်ရှင်မျိုးတွေမှာ ရိုက်ကူးထားတဲ့ သမားရိုးကျ ဇာတ်လမ်းအမျိုးအစားတွေကို ကျွန်တော် ယဥ်ပါးနေပါတယ် ဒါပေမဲ့ ကပ်ပါး “Parasite” ဆိုတဲ့ရုပ်ရှင်ကတော့ အဲ့လိုဇာတ်လမ်းရုပ်ရှင်အားလုံးကို စိန်ခေါ်နေပုံရပါတယ်။ ကပ်ပါး “Parasite” ရုပ်ရှင်ဟာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ပုံစံနဲ့ ဟာသဇာတ်ကားဖြစ်ပါတယ်၊ လျှို့ဝှက်သည်းဖိုလည်း ပါပါတယ်၊ ဟာသနဲ့ လျှို့ဝှက်သည်းဖို နှစ်မျိုးကို နှစ်ပိုင်းခွဲခြား ရောနှောထားပြီး အခြား ဇာတ်လမ်းအမျိုးအစားတွေထဲက မိသားစု သဏ္ဍာန်သရုပ်ကိုလည်း ပုံဖော်ထားပါတယ်၊ ဒါကြောင့် ပွဲကြည့်ပရိသတ် အသက်အရွယ်အားလုံးကို စွဲဆောင်နိုင်ဖွယ် ရှိပါတယ်။ ကပ်ပါး “Parasite” ရုပ်ရှင်ကို သူ့ရဲ့ ရုပ်ရှင်ပညာ အလှည့်အပြောင်းနဲ့ အသွင်သဏ္ဍာန်ကို အလေးအနက်တန်ဖိုးထားဖို့ အတွက် အမှန်တကယ် ကြည့်ရှုထိုက်ပါတယ်။ ရှုတ်ချပြစ်တင်ဝေဖန်ပြောဆိုမယ့်သူတွေကို ရှောင်ရှားဖို့အတွက် အကျဥ်းခြုံးပြောရရင်တော့ ကပ်ပါး “Parasite” ရုပ်ရှင်ဟာ ပါ့ခ် ဆိုသူရဲ့ မိသားစုနဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ ကင်မ် ဆိုသူရဲ့မိသားစုတို့အကြားမှာ အဓွန့်ကြာရှည်နေတဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့အတူ ဒွဟဆန့်ကျင်ဖြစ်ပွားနေတဲ့ အပြန်အလှန် ကိစ္စတွေအကြောင်းပဲ ဖြစ်ပါတယ်။ [...]Bong Joon-Ho ဟာဆိုရင် ပွဲကြည့်ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို အလင်းရောင်ကွက်ကွက်ကွင်းကွင်းနဲ့ရိုက်ကူးတဲ့ ရိုက်ကွက်တွေနဲ့အတူ ရိုက်ပြနိုင်ခဲ့ပါတယ်၊ အဲ့ဒီရိုက်ကွက်တွေကို အိမ်တွင်းနေရာမှာ ထိထိရောက်ရောက် အသုံးချပြီး ရိုက်ခဲ့ပါတယ်၊ ရိုက်ကွင်းရိုက်ကွက် အများစုဟာ ပါ့ခ်ဆိုသူရဲ့ မိသားစုအိမ်တွင်းမှာ ရိုက်ခဲ့တာဆိုတာကို ၂ နာရီ ၁၂ မိနစ် ကြာတဲ့ ရုပ်ရှင်ကြည့်ပြီးတဲ့အခါကြမှသာ တအံ့တသြ အသိရှိလိုက်ရပါတယ်။ အင်မတန် နုံခြာတဲ့ အိမ်တွင်း ပစ္စည်းပစ္စယတွေကို Bong Joon-Ho ရဲ့ အံ့မခန်း ပြောင်မြောက်တဲ့ အရည်အချင်းကြောင့် လှိုက်လှဲသည်းဖို သိချင်လွန်းတဲ့ အမြင်ရှုထောင့်နဲ့တကွကြည့်ရှုဖို့ ရိုက်ကူးတင်ဆက်ထားပါတယ်။ ကပ်ပါး “Parasite” ရုပ်ရှင်ဟာ အနုပညာ ရသကို ကိုယ်ချင်းစာတရားနဲ့စိတ်ခံစားချက်ပေါင်းပြီး ဖော်ညွှန်းပြသထားရာမှာ အဆင့်တစ်ဆင့်အပေါ်မှာသာ အခြေခံရိုက်ကူးထားတယ်လို့ အမြင်ရှိသော်လည်း အမှန်မှာတော့ အဆင့်ပေါင်းစုံ စုစည်းထားပြီး ဖော်ညွှန်းထားတာဖြစ်လို့ ရုပ်ရှင်အနုပညာရသရဲ့ အလှအပနဲ့စစ်မှန်မှုကို သင့်အနေနဲ့ တစ်မြိတ်မြိတ်တစ်ဆိတ်ဆိတ် ခံစားရင်း ရှုတ်ထွေးပွေလီတာတွေ ပြေလျော့ပြီး ရှင်းလင်းပေါ်လွင်လာမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်သူတွေကို ကြည့်ရတာ ချစ်ခင်နှစ်သက်လိုဖွယ် အလွန်ကောင်းပါတယ်၊ မျက်နှာအမူအရာနဲ့ သရုပ်ဆောင်ချက်တိုင်းဟာ ထင်ပေါ်လွန်းလှပါတယ်၊ လှေကား အတက်အဆင်းလုပ်တဲ့ သရုပ်ဆောင်ချက်သာသာကတောင် ဓါတ်ပုံရိုက်ကွက် အပိုင်းအစတွေကြောင့် ဖုံးကွယ်နေတဲ့ သဏ္ဍာန်သရုပ်အဓိပ္ပါယ်ကို ဆောင်ကျဥ်းပေးနိုင်ပါတယ်။ အဆင်မပြေတဲ့ ရိုက်ကွက်အဆင့်ဆင့်တွေကိုလည်း သုံးနေကျမဟုတ်တဲ့ ဓါတ်ပုံ ရိုက်ချက်အနေအထား ထောင့်ကွင်းထောင့်ကွက်တွေနဲ့ နေရာအနေအထား ထိထိရောက်ရောက်အသုံးချပြီးတော့ သရုပ်ဆောင်ရတဲ့ ရာသီဥတုအခြေအနေတွေကို ရသအနိမ့်အမြင့်အပေါ် ချိန်ဆပြီး ဖန်တီးယူရပါတယ်။ ကပ်ပါး “Parasite” ရုပ်ရှင်မှာ သဘာဝနဲ့ဆန့်ကျင်တာမျိုးရှိပါတယ်၊ အဲ့ဒါကတော့ ရုပ်ရှင်ဇာတ်လမ်းကို အထင်းသား ပေါ်လွင်အောင် ရိုက်ကူးထားပြီးတော့ ထပ်ဆင့် တိုးချဲ့ထားတာကတော့ ရုပ်ရှင်ပညာရဲ့ အမှန်စင်စစ် အံ့မခန်းမှုကို လိမ်မာပါးနပ် ကျွမ်းကျင်တဲ့ နည်းလမ်းနဲ့ ရယ်ရွှင်စရာတွေကို သုံးနှုန်းထားတာပဲဖြစ်ပါတယ်။ ကပ်ပါး “Parasite” ရုပ်ရှင်ရဲ့ ထင်ပေါ်တဲ့ ထူးဆန်းထွေဖြာ လျှို့ဝှက်သည်းဖို ဖြစ်ရခြင်းဟာဆိုရင် သင့်ကို ရင်ထိတ်ဖိုကာ စွဲမြဲသွားစေပြီး ရုပ်ရှင်ရိုက်ကူးခြင်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုအပေါ် အသစ်အဆန်းဖြစ်သွားမှာ မဟုတ်ပါဘူး။ သရုပ်ဆောင်တွေဟာဆိုရင် အလွန် အားကျစရာကောင်းပါတယ်၊ သူတို့ရဲ့ သရုပ်ဆောင်ရတဲ့ အခန်းကဏ္ဍကို အားထုတ်သရုပ်ဆောင်စရာ မလိုသလို ထင်ရသော်လည်း ဇာတ်လမ်း အဆက်အစပ်ရှိမှုကို ဖန်တီးပြီးတော့ အသက်သွင်းသရုပ်ဆောင်ထားပါတယ်။ Ki-Woo နဲ့ Ki-Jeong Kim တို့တတွေဟာ ပါ့ခ် ဆိုသူရဲ့ မိသားစုအိမ်မှာ ပုဂ္ဂလိက ကျူရှင်ဆရာတွေအဖြစ် လုပ်ပေးစဥ်အခါက သူတို့တတွေအနေနဲ့ အပြောအဆိုကင်းမဲ့တဲ့ ဒဏ္ဍာရီ အကျဆုံးဖြစ်သော သင်ကြားပို့ချတဲ့နည်းလမ်းတွေကို အသုံးချပြီး ထူးခြားနက်နဲသောဉာဏ်အမြင်ကို ယုံကြည်သက်ဝင်မှုရှိတဲ့ အငွေ့အသက်ကို ဖန်တီးထားတဲ့ တည်ငြိမ်ပြီးထိရောက်တဲ့နည်းလမ်းနဲ့ တင်ပြတဲ့လုပ်ပိုင်ခွင့် အဆင့်ကို အသေအချာ အကျဥ်းခြုံးတင်ပြထားပါတယ်။ အတော့ကို ရိုးရိုးစင်းစင်း ပြောရရင်တော့ Ki-Woo and Ki-Jeong အဖြစ် သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်သူတွေဖြစ်ကြတဲ့ Park So-Dam နဲ့ Choi Woo-Sik တို့တတွေကို ကပ်ပါး “Parasite” ရုပ်ရှင် စွဲဆောင်ရာ အမျိုးမျိုးရှုထောင့်ကနေ ကြည့်ရှုပေးဖို့ စေ့ဆော်ထားတဲ့အပြင် သူတို့တတွေဟာ လစ်ကွက်ဟာကွက်မရှိလောက်အောင် သရုပ်ဆောင်ထားတဲ့အတွက်ကြောင့် သူ့တို့ဖက်ကို စာနာထောက်ထားပြီး ကြည့်ရှုပေးဖို့ ပရိသတ်တွေကို စွဲဆောင်ထားပါတယ်။ [...]ကပ်ပါး “Parasite” ရုပ်ရှင်ဟာ အလွန့်အလွန်ကို ကျွမ်းကျွမ်းကျင်ကျင် ရိုက်ကူးထားတဲ့ မှတ်သားလောက်တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်၊ မဖြစ်မနေ ကြည့်ဖို့ကောင်းတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်တော့အနေနဲ့ ဒီရုပ်ရှင်ကို ယူကေမှာ ရုံတင်ပြသမယ့်ရက် ပြန်ကြည့်ဖို့အတွက် စောင့်မျှော်နေပါတယ်။ | Entry #37106 — Discuss 0 — Variant: Not specified
|
Parasite ရုပ်ရှင်ကို အစကနေအဆုံးထိကြည့်ဖို့ကို အတင်းအကြပ်ခိုင်းစေခံခဲ့တာလို့ ပြောရင်တော့ ဒါကအမှန်မဖြစ်နိုင်ပါဘူး။ ခြေရာခံရိုက်ချက်များနဲ့ ရိုက်ကူးမှုပုံစံက လုံးဝမျက်စိမလွှဲနိုင်လောက်အောင်ကို ကောင်းလွန်းပါတယ်။ လန်ဒန်ကိုရီးယားရုပ်ရှင်ပွဲတော်တုန်းက ကိုရီးယားဇာတ်ကားတွေကို ကြည့်ဖူးခဲ့ပြီး ဇာတ်ကားတွေမှာ ပါလေ့ရှိတဲ့ သာမာန်ဇာတ်အိမ်အမျိုးအစားတွေနဲ့ ရင်းနှီးခဲ့ပေမယ့်လည်း Parasite ကတော့ မြင်နေကျအားလုံးနဲ့ လုံးဝကိုကွဲထွက်နေတာပါ။ Parasite က တစ်နည်းတစ်ဖုံနဲ့ ဟာသနှော သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ခုဖြစ်ပြီး လူတန်းစားကွဲပြားမှုများကို ဖော်ကြူးထားတဲ့ အခြားဇာတ်အိမ်အမျိုးအစားများကြားတွင် မိသားစုဇာတ်လမ်းကို သရုပ်ဖော်ထားတဲ့အတွက်ကြောင့် အသက်အရွယ်မရွေး နှစ်သက်မှာပဲဖြစ်ပါတယ်။ Parasite ရဲ့ ထူးခြားချက်များနဲ့ စတိုင်ကျသောရုပ်ရှင်ရိုက်ကူးမှုကို မြင်နိုင်ရန်အတွက် ရုပ်ရှင်ရုံမှာကြည့်ဖို့ အမှန်တကယ်ထိုက်တန်ပါတယ်။ သူများတွေ မပြောခင် အနှစ်ချုပ်အားဖြင့်ပြောရရင်တော့ Parasite သည် လုံးဝကိုကွဲပြားခြားနားတဲ့ အလုပ်လက်မဲ့မိသားစုဖြစ်တဲ့ Park မိသားစုနှင့် Kim's တို့ကြား အပြန်အလှန်ဆက်ဆံရေးဇာတ်လမ်းကို တင်ဆက်ပြသပြီး မမျှော်လင့်ထားတဲ့အကျိုးဆက်များကို ရင်သက်ရှုမောဖွယ် ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ [... ] Bong Joon-Ho သည် အိမ်အတွင်းနေရာကို တောက်ပသောရိုက်ချက်များဖြင့် ထိရောက်စွာအသုံးပြုပြီး ပရိသတ်၏စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ပြီး ဇာတ်ကားကိုကြည့်ပြီး အချိန် ၂ နာရီ ၁၂ မိနစ်ကြာပြီးနောက်မှာတော့ ရိုက်ချက်အများစုဟာ Park မိသားစုရဲ့အိမ်ထဲမှာပဲရိုက်ထားတာကို သိလိုက်ရတဲ့အခါမှာ အံ့အားသင့်သွားပါတယ်။ မြင်နေကျ အိမ်တွင်းဇာတ်လမ်းတစ်ပုဒ်ကို Bong Joon-Ho ၏ မတူကွဲပြားသောကိုယ်ပိုင်ဟန်ဖြင့် ဆန်းကြယ်သော ရှုထောင့်ကနေ ပရိတ်သတ်တွေကို ခေါ်ဆောင်သွားပါတယ်။ ဇာတ်အိမ်ကနှေးပြီး Parasite သည် အဆင့်တစ်ခုတည်းတွင်သာ လည်ပတ်နေသည်ဟု သင်ထင်မြင်နေကောင်းမြင်နေမည်ဖြစ်သော်လည်း အမှန်တကယ်မှာ သူ့မှာအလွှာပေါင်းစုံရှိပြီး လက်တွေ့ကျတဲ့လူမှုရေးရာဖြစ်ရပ်ကို စာနာသနားစိတ်ဖြင့် သရုပ်ဖော်ထားသောကြောင့် ဇာတ်အိမ်၏ လှပမှုနှင့် အရည်အသွေးကို သင်နှစ်သက်သဘောကျမည်ဖြစ်သည်။ သရုပ်ဆောင်များ၏ သရုပ်ဆောင်ချက်များကလည်း ပေါ်လွင်လှသည်၊ မျက်နှာလှုပ်ရှားမှုနှင့် သရုပ်ဆောင်မှုအချက်တိုင်းသည် အံဝင်ခွင်ကျဖြစ်လှသည်၊ လှေကားထစ်အတက်အဆင်း လုပ်ချက်များပင်လျှင် ဖုံးကွယ်ထားသောအဓိပ္ပါယ်ကို ကင်မရာရိုက်ချက်များမှတဆင့် ဖော်ပြနိုင်သည်။ စိတ်မသက်သာမှုဖြစ်စေသည့်အခန်းများကို ပုံမှန်မဟုတ်သော ကင်မရာရှုထောင့်များဖြင့် နေရာကိုထိရောက်စွာအသုံးပြုပြီး ၄င်းအာရုံခံစားမှုကို လှုံ့ဆော်ပေးသည့် ပြင်းထန်သော ရာသီဥတုအခြေအနေများဖြင့် ဖန်တီးထားသည်။ Parasite ၏ အသားပေးဇာတ်အိမ်သည် စိတ်ကူးယဉ်ဆန်ပြီး အဓိပ္ပါယ်မဲ့သော စိတ်ကူးစိတ်သန်းများကို ဉာဏ်ရည်ဥာဏ်သွေးထက်မြက်စွာဖြင့် ဖန်တီးထားသောအမှန်တကယ်မှော်ဆန်သောရုပ်ရှင်ဖြစ်သည်။ Parasite ၏ ကွဲပြားသောတင်ဆက်မှုသည် သင့်ကိုအမှန်တကယ်မှင်သက်သွားစေမှာဖြစ်ပြီး Twilight Zone ရုပ်ရှင်ရိုက်ကူးရေးကျောင်းကို ထူးထူးခြားခြား ခံစားရစေမှာ မဟုတ်ပါဘူး။ သရုပ်ဆောင်များသည် အလွန်တော်ကြပြီး အားထည့်သရုပ်ဆောင်နေရတာမျိုးမဟုတ်ဘဲ သူတို့နှင့်သက်ဆိုင်ရာအခန်းကဏ္ဍများတွင် အမှန်တကယ်ဖြစ်ပျက်နေသည့်အလား ဆေးစက်ကျရာအရုပ်ထင်လှသည်။ Ki-Woo နှင့် Ki-Jeong Kim တို့သည် Park မိသားစုအိမ်တွင် သီးသန့်ကျူရှင်ဆရာများအဖြစ် အလုပ်လုပ်နေချိန်တွင် ၎င်းတို့သည် စကားဖြင့်ဖော်ပြသွားတာမျိုးမဟုတ်ဘဲ မှော်ဆန်သော စာသင်ကြားနည်း နည်းပညာများဖြင့် ဆရာဆရာမအခွင့်အာဏာကို မသိမသာဖန်တီးသရုပ်ဖော်သွားနိုင်သည်။ ရိုးရိုးရှင်းရှင်းပြောရရင် Ki-Woo နဲ့ Ki-Jeong အဖြစ်သရုပ်ဆောင်ထားကြတဲ့ Park So-Dam နဲ့ Choi Woo-Sik တို့ဟာ Parasite ဇာတ်အိမ်ကခေါ်ဆောင်ရာ မတူညီတဲ့လမ်းကြောင်းအသီးသီးတွင် ချောမွေ့စွာ သရုပ်ဆောင်နိုင်ကြပြီး ပရိသတ်တွေကို သူတို့ဘက်ပါလာဖို့ ဆွဲခေါ်နိုင်သွားပါတယ်။ [... ] Parasite သည် အလွန်ကျွမ်းကျင်သော ရုပ်ရှင်ဖန်တီးမှု၏ မှတ်တမ်းတင်ထိုက်သည့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး မကြည့်မဖြစ်ကြည့်ရမည့် ဇာတ်ကားဖြစ်သည်။ ထို့အတွက်ကြောင့် UK တွင် ထွက်ရှိမည့်ရက်စွဲတွင် ပြန်လည်ကြည့်ရှုရန် ကျွန်ုပ်စောင့်မျှော်နေပါသည်။ | Entry #36595 — Discuss 0 — Variant: Not specified
|
ကျွန်မကို ရဲ့ အစကနေ အဆုံးထိ အတင်းအကြပ် ခိုင်းစေခဲ့တယ် လို့ ပြောရတာ ဟာ အဓိပ္ပါယ်မဲ့တဲ့ စကားတစ်ခုပါ။ ခြေရာခံရိုက်ချက်များနှင့်အတူ ၎င်း၏ရိုက်ကူးမှုပုံစံသည် စွဲမက်ဖွယ်ကောင်းသည်။ လန်ဒန်ကိုရီးယားရုပ်ရှင်ပွဲတော်အတွင်း ကိုရီးယားဇာတ်ကားများစွာကို ကြည့်ရှုခဲ့ပြီး၊ ထိုကဲ့သို့သောဇာတ်ကားများတွင် အသုံးပြုလေ့ရှိသည့် သာမာန်အမျိုးအစားများနှင့် ရင်းနှီးခဲ့သော်လည်း ၎င်းတို့အားလုံးကို အံတုနေပုံရသည်။ ဟာသမြောက်သည့်ပုံစံဖြင့် ဇာတ်ဆောင်ဖြစ်ပြီး သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ခုလည်းဖြစ်ပြီး လူတန်းစားကွဲပြားမှုများကို လွန်ဆွဲကာ အခြားအမျိုးအစားများကြားတွင် မိသားစုဇာတ်လမ်းကို သရုပ်ဖော်ထားသောကြောင့် အသက်အရွယ်မရွေး နှစ်သက်ဖွယ်ရှိသည်။ ၎င်း၏ထူးခြားချက်များနှင့် စတိုင်ကျသော ရုပ်ရှင်များကို တန်ဖိုးထားလေးမြတ်ရန် ရုပ်ရှင်ရုံတွင် ကြည့်ရှုရန် အမှန်တကယ်ထိုက်တန်ပါသည်။ အနှစ်ချုပ်အားဖြင့်၊ ငေးမောစရာများကို ရှောင်ရှားရန် Parasite သည် အလုပ်လက်မဲ့မိသားစုဖြစ်သည့် Park မိသားစုနှင့် တို့ကြား အပြန်အလှန်ဆက်ဆံရေးဇာတ်လမ်းကို ပြောပြသည် ကျွန်ပ် သည် နေရာကို ထိရောက်စွာအသုံးပြုခြင်းနှင့်အတူ တောက်ပသောရိုက်ချက်များဖြင့် ပရိသတ်၏စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ပြီး ဇာတ်ကား၏ 2 နာရီ 12 မိနစ်ကြာပြီးနောက်တွင် မြင်ကွင်းအများစုဖြစ်ပေါ်လာသည်ကို အံ့အားသင့်စေပါသည်။ Park မိသားစုရဲ့အိမ်ထဲမှာ။ အသွင်အပြင်ကို ပြသသည့် ဆန်းကြယ်သော ရှုထောင့်ဖြင့် အိမ်တွင်းမှု၏ လောကီဒြပ်စင်များကို ပြသထားသည်။ ၎င်းသည် နှေးကွေးသော မီးဖိုတစ်ခုဖြစ်သော်လည်း အဆင့်တစ်ခုတည်းတွင်သာ လုပ်ဆောင်သည်ဟု ယုံကြည်နေသော်လည်း ၎င်းသည် အလွှာပေါင်းစုံရှိပြီး လူမှုရေးဆိုင်ရာ လက်တွေ့ဆန်မှုကို စာနာစိတ်ဖြင့် သရုပ်ဖော်ထားသောကြောင့် ၎င်းသည် ၎င်း၏ လှပမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကို နှစ်သက်သဘောကျမည်ဖြစ်သည်။ သရုပ် ဆောင်များသည် ကြည့်ရှုရန် ဟန်ဆောင်နေ သည်၊ မျက်နှာ လှုပ်ရှားမှု နှင့် လှုပ်ရှားမှုတိုင်းကို ပေါ်လွင်စေသည်၊ လှေကားထစ် အတက်အဆင်း လမ်းလျှောက်ရုံမျှဖြင့်ပင် ကင်မရာအပိုင်းအစများ ဖုံးကွယ်ထားသော အဓိပ္ပါယ်ကို ဖော်ပြနိုင်သည်။ ပုံမှန်မဟုတ်သော ကင်မရာထောင့်များနှင့် ထိုအာရုံခံစားမှုကို လှုံ့ဆော်ပေးသည့် ပြင်းထန်သော ရာသီဥတုအခြေအနေများဖြင့် အာကာသကို ထိရောက်စွာအသုံးပြုခြင်းကြောင့် စိတ်မသက်သာမှုအဆင့်များကို ဖန်တီးပေးပါသည်။ ၎င်း၏ရမှတ်ကို အလေးပေးထားသည့် စိတ်ကူးယဉ်ဆန်သော သဘာဝရှိပြီး ၎င်းသည် အမှန်တကယ် ရုပ်ရှင်မှော်ဆန်သည့် ဉာဏ်ရည်ထက်မြက်သော နည်းလမ်းဖြင့် ဖန်တီးထားသော အဓိပ္ပါယ်မဲ့သော စိတ်ကူးစိတ်သန်းများကို အသုံးပြုထားသည်။ ထင်ရှားသော ရယ်မောခြင်းက သင့်ကို တုန်လှုပ်ချောက်ချားစေမည်ဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးမှု တွင် ဂြိုလ်သားအဖြစ် ခံစားရမည်မဟုတ်ပေ။ သရုပ်ဆောင်များသည် အလွန်အထင်ကြီးကြပြီး လိုက်လျောညီထွေဖြစ်အောင် ဖန်တီးထားသော အခန်းကဏ္ဍများကို ကျယ်ကျယ်ပြန့်ပြန့်ထည့်သွင်းထားသည်။ ကျွန်ပ် နှင့် မင်းတို့သည် မိသားစုအိမ်တွင် သီးသန့်ကျူရှင်ဆရာများအဖြစ် အလုပ်လုပ်နေချိန်တွင် ၎င်းတို့သည် စကားမပြောနိုင်သော၊ ဒဏ္ဍာရီဆန်ဆန်နီးပါး၊ ဒဏ္ဍာရီဆန်ဆန် ကျူရှင်နည်းပညာများဖြင့် အသုံးပြုထားသော လျှို့ဝှက်ဆန်းကြယ်သော အခွင့်အာဏာကို နည်းပါးစွာ ဖန်တီးပေးသည့် ဤအဆင့်ကို သေချာပေါက် သရုပ်ဖော်ထားသည်။ ရိုးရိုးရှင်းရှင်းပြောရရင် နဲ့ Ki-Jeong တို့လို သရုပ်ဆောင်တွေဖြစ်တဲ့ တို့ဟာ လိုက်နေတဲ့ မတူညီတဲ့ လမ်းကြောင်းတွေမှာ ကြည့်ရှုဖို့ ဆွဲဆောင်မှုရှိပြီး ဒီဖျော်ဖြေမှုတွေကို ချောမွေ့စွာ သယ်ဆောင်လာတာကြောင့် ပရိသတ်တွေကို သူတို့ဘက်ပါလာဖို့ ဖိတ်ခေါ်ပါတယ်။ . အလွန်ကျွမ်းကျင်သော ရုပ်ရှင်ဖန်တီးမှု၏ မှတ်သားဖွယ်ကောင်းသည့် အပိုင်းဖြစ်ပြီး ၎င်းသည် ရိုးရိုးရှင်းရှင်းကြည့်ရမည့် ဇာတ်ကားဖြစ်ပြီး၊ ထို့ကြောင့် ၎င်း၏ UK ၏ အထွေထွေထွက်ရှိမည့်ရက်စွဲတွင် ပြန်လည်ကြည့်ရှုရန် စောင့်မျှော်နေပါသည်။ | Entry #36806 — Discuss 0 — Variant: Rakhine
|